ဒီပို့စ်ကို သင်မြင်တာနဲ့ လက်မှတ်ဝင်ထိုးပေးသွားဖို့ တောင်းဆိုပါရစေ။ ၅ နှစ်သမီးလေး သက်ငယ်မုဒိ-မ်းကိစ္စ တရားမျှတမှု ရရှိရေးအတွက် online လက်မှတ်ကောက်ယူမှု စတင်ပါပြီ။ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ တလရ အင်အားစုအားလုံးရဲ့ အင်အားနဲ့ အတူတူဝိုင်းတွန်းကြဖို့ တိတိပပ ပြသနိုင်တဲ့ အရည်အတွက်ဖြစ်ချင်ပါတယ်။ အတူတူရပ်တည်နေကြောင်း ပြသဖို့လို့်ပါတယ်။
လက်မှတ်ထိုးရမယ့် Link ကို မည်သူမဆို လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်။ ထပ်ပြီး ဖြန့်ဝေပေးဖို့လည်း တိုက်တွန်း အကူအညီတောင်းခံပါတယ်။
(လက်မှတ်ထိုးရန် 🔗)..👇
https://chng.it/dpmQcrB8bh
📌၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဖြစ်ပွားခဲ့သော အသက် ၅ နှစ်အရွယ် သက်ငယ်မုဒိ-မ်းမှုကို အမြန်ဆုံးဖော်ထုတ်၍ ကျူးလွန်သူကို ထိုက်သင့်သော အပြစ်ဒဏ် ချမှတ်ပေးပါ။ ကျူးလွန်ခံရသူ ကလေးငယ်နှင့် မိသားစုကို အကာအကွယ်ပေးပါ။
၂၀၂၃ ဧပြီလတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံနေရသည့် CDM တက္ကသိုလ်ဆရာမတစ်ဦး၏ အသက် ၅ နှစ်အရွယ်သမီးငယ်ကို အသက် ၆၀ ဝန်းကျင်အရွယ် ဦးအောင်မင်းဆိုသူက လိ-င်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီး ဓမ္မတာနှင့် ဆန့်ကျင်ကျူးလွန်မှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အမှုကိစ္စကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ် ဝန်ကြီးဌာန နှင့် ကလေးမြို့နယ် ပြည်သူ့ရဲ့တပ်ဖွဲ့(တောင်ပိုင်း)တွင် (ပ)၁၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၇နဲ့ တရားလိုပြု အမှုဖွင့်လှစ်ခဲ့ပါသည်။
သို့သော် ယခုအချိန်ထိ တရားခံအား အရေးယူဆောင်ရွက်ခြင်း၊ ကျူးလွန်ခံရသူ ကလေးငယ်နှင့် မိခင်ဖြစ်သူအား ပံ့ပိုးကူညီမှုပြုခြင်း တစုံတရာ မရှိသည့်အပြင် အဆိုပါ အမှုကိစ္စကို ပပျောက်စေရန်၊ ကျူးလွန်ခံရသူများ၏ အသံတိတ်ဆိတ်စေရန် ပြုမူမှုများကိုပါ တွေ့မြင်နေရပါသည်။ ကျူးလွန်ခံရသူ ကလေးငယ်မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် လုံလောက်သည့် ဆေးကုသမှု ရရှခြင်းမရှိသေးပါ။ ကလေးငယ်၏ ကျန်းမာရေး၊ ပုံမှန်ကြီးထွားဖွံ့ဖြိုးရေးအတွက်လဲ အကူအညီများလိုအပ်နေပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ အမှုကိစ္စတွင် အမှုမှန် အမြန်ဆုံးပေါ်ပေါက်၍ ကျူးလွန်သူအား ချက်ချင်း အရေးယူအပြ-စ်ပေး တားဆီးနိုင်စေရန် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးပါရန် နှင့် ကျူးလွန်ခံရသူအား အကာအကွယ်ပေးပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား လက်မှတ်ရေးထိုး တိုက်တွန်းတောင်းဆိုအပ်ပါသည်။
#StandUpForJustice
#WeWantJusticeRightNow
#အေအန်န်အမ်မ်တီ
Telegram Channel
Ko'proq ko'rsatish ...