Best analytics service

Add your telegram channel for

  • get advanced analytics
  • get more advertisers
  • find out the gender of subscriber
Category
Channel location and language

all posts Myanmar Update News

အမှောင်ထဲမှ အလင်းတစ်စ 
44 437-40
~8 681
~43
19.22%
Telegram general rating
Globally
22 105place
of 78 777
of 112
In category
171place
of 546
Posts archive
ကလောမှာ ရေနစ်မြုပ်ပြီး အိမ်ပြိုသွားတဲ့ (၁၅၅) အိမ် အတွက် တစ်အိမ်ထောင် လျှင် ငွေသား သိန်း (၃၀)နှုန်းဖြင့် ငွေကျပ် သိန်း (၅)ထောင် ဝန်းကျင်ကို ခိုင်နှင်းဝေက ကူညီမျှဝေပေးခဲ့ပါတယ်။
1 565
1
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းကျေးရွာတွင် ရေကြီးရေလျှံနေစဥ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါပိုးတွေ့ရှိ၍ ၎င်းလူနာနှင့် ထိစပ်မှုရှိခဲ့သော အတူနေ လူကြီး (346) ဦး အသက် 12 နှစ်အောက်ကလေး (139) ဦး စုစုပေါင်း (485) ဦးအား ကြိုတင်ကာကွယ်ဆေးများဖြစ်သော လူကြီးအတွက် Doxycycline အသက် 12 နှစ်အောက်ကလေးများအတွက် Azithromycin ဆေးများအား 21-9-2024 ရက်နေ့ ညနေ 6 နာရီခွဲအချိန်၌ ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးဌာနမှူးကိုယ်တိုင်ဦးဆောင်ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်ခြင်း
Show more ...
1 720
1
လေဖိအားနည်းဆဲလ်သည် ၂၃-၉-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းအဖြစ် ရောက်ရှိနိုင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့ကို ဖြတ်ကျော်လျက်ရှိသော လေဖိအားနည်းဆဲလ်သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့သို့ ရောက်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ၂၃-၉-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ယနေ့ မြန်မာစံတော်ချိန် (၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ သိရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
Show more ...
2 099
0
Well-wishers make cash donations for relief and rehabilitation of areas hit by typhoon Yagi-related floods September 21 Well-wishers made cash donations for relief and rehabilitation of areas hit by  typhoon Yagi-related floods in Myanmar at a ceremony held at City Hall of Nay Pyi Taw here this afternoon.Chairman of State Administration Council Prime Minister Senior General Min Aung Hlaing accepted the donations and spoke words of thanks.
2 503
1
ယနေ့ စက်သုံးဆီ ဈေးနှုန်းများ
2 512
1

မနက်ခင်း_မေတ္တာပို့_ဓမ္မတေး.mp3

2 649
0
#Local_News ေဘေးသင့်ဒေသများတွင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ ကျော် ရရှိ +++++++++++++++++++++++++++++++++++++++++++++++++++++++++ Published_21 Sept 2024 ရေဘေးသင့်ဒေသများတွင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ ကျော် ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။ ယနေ့ စက်တင်ဘာလ ၂၁ ရက်က နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်း ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Readmore>>> /PP
Show more ...
Yangon Times
#Local_News #ရေဘေးသင့်ဒေသများတွင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ရရှိ +++++++++++++++++++++++++++++++++++++++++++++++++++++++++ Published_21 Sept 2024...
3 407
0
မြန်မာ-နီပေါ နှစ်နိုင်ငံအကြား နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး ဆွေးနွေး နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် စက်တင်ဘာ ၂၀ ရက်နေ့တွင် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒေသဌာနမှ အကြီးအကဲ (Joint Secretary) ဖြစ်သူ Ms. Rita Dhital အား နီပေါနိုင်ငံခြားရေး ဝန်ကြီးဌာန၌ သွားရောက် မိတ်ဆက် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား သမိုင်းကြောင်းရှည်ကြာ ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာ ဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍများ၊ လုမ္ဗိနီဒေသသို့ သွားရောက်သည့် မြန်မာဘုရားဖူးများ အဆင်ပြေ ချောမွေ့စေရေး ကူညီဆောင်ရွက်ပေးရေး အပါအဝင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
Show more ...
3 478
0
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက် 🇲🇲🇲🇲🇲🇲
4 830
7
နေပြည်တော်၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် နေပြည်တော်(၈)မြို့နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ နိုင်ငံသားများအား နိုင်ငံကူးလက်မှတ်များ ထုတ်ပေးလျက်ရှိ

LNs2192024(7PM)V2.mp4

3 495
2
❗️❗️❗️❗️❗️ စီအိုင်အေနှင့် မော့ဆက်ပူးပေါင်း၍ ကွန်ပျူတာဗိုင်းရပ်စ်များအသုံးပြုကာ အီရန်၏ နျူကလီးယား အစီအစဉ်ကို ဖြိုချခဲ့ခြင်း ၂၁ စက်တင်ဘာ ၂၀၂၄ Stuxnet စတပ်နက်သည် သမားရိုးကျမဟုတ်သည့် ဖျက်အားပြင်းဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အီရန်ကိုသာမက အခြားကမ္ဘာ့နိုင်ငံများကိုပါ ကူးစက်တိုက်ခိုက်ခဲ့သည့် ဆိုက်ဘာလက်နက်တစ်ခုဖြစ်ခဲ့ (စီအိုင်အေနှင့်မော့ဆက်ဟူသည့်အမေရိကန်နှင့်အစ္စရေးစပိုင်အဖွဲ့များပူးပေါင်းကာ စတပ်နက်အမည်ရ ဖျက်အားပြင်းဗိုင်းရပ်စ်တစ်ခုဖန်တီး၍ ဆိုက်ဘာလက်နက်အဖြစ်အသုံးချခဲ့ပုံကို သတင်းစာဆရာ ဆာမီယန် မစ်ဟရာ Samiran Mishraက အိန္ဒိယသတင်းမီဒီယာ NDTV တွင် စုံစမ်းထောက်လှမ်းသတင်း Investigative Report ရေးသားထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသဖြင့် YMG က မြန်မာဘာသာသို့ပြန်ဆို ဖော်ပြပေးပါသည်။ အယ်ဒီတာ ) ၂၀၀၉ ခုနှစ် ဇွန်လ..။ တီဟီရန်၏ လမ်းမများတွင် သမ္မတရွေးကောက်ပွဲရလဒ်အပေါ် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သည်။ လက်ရှိသမ္မတ မာမွတ်အာမက်ဒိုင်ဂျက်သည် မီယာဟိုစိန် မောဆာဗီအပေါ် အပြတ်အသတ်အနိုင်ယူကာ အောင်ပွဲခံခဲ့သည်။ ဆန္ဒပြသူတွေက ရွေးကောက်ပွဲသည် အလိမ်အညာဟု စွပ်စွဲသည်။ ဆန္ဒပြသူများထဲ မှ နီဒါအက်ဟာ ဆိုတန်ဆိုသူ အမျိုးသမီးတစ်ဦးသည် အဓိကဆန္ဒပြပွဲကြီးများတွင် ပါဝင်ရန်အတွက် သူမ၏ ကားကို စုရုံးနေသည့်နေရာနှင့် မနီးမဝေးတစ်နေရာတွင် ရပ်လိုက်သည်။ ကား၏ လေအေးပေး စက်က အလုပ်မလုပ်သဖြင့် သူမက ကားထဲမှ ထွက်လိုက်သည်။ သူမက လတ်ဆတ်သောလေကို တစ်ဝ ကြီးရှုလိုက်သည်။ ထိုအချိန်တွင်အစိုးရက ငွေကြေးထောက်ပံ့ပေးထားသည့် စစ်ဝန်ထမ်းအဖွဲ့ဝင်တစ်ဦး က စနိုက်ပါဖြင့် သူမ၏ ရင်ညွန့်ကို ချိန်ကာပစ်ချလိုက်သည်။ သူမသေဆုံးခဲ့ရပြီ။ ယခုအဖြစ်အပျက် တီဟီရန်တွင်ဖြစ်နေစဉ်တွင် တီဟီရန်နှင့် ၃၀၀ ကီလိုမီတာ ခန့်ဝေးသည့် တောင်ဘက် အရပ်ရှိ နာတန်နျူကလီးယားအဆောက်အဦတွင်လည်း ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်နေ သည်။နာတန်သည် အီရန် နျူကလီးယားအစီအစဉ်၏ ဗဟိုချက်မဖြစ်သည်။ နီဒါသေဆုံးပြီး ရက်အနည်းငယ်အကြာတွင် စီအိုင်အေသည် အဆိုပါနျူကလီးယားအဆောက်အဦအား ဆိုက်ဘာစစ်ဆင်ရေးတစ်ခု ဦးစီးလုပ်ဆောင်ဖို့ အတည်ပြုချက်တစ်ခုရရှိခဲ့သည်။ ထိုစစ်ဆင်ရေးတွင် Stuxnet စတပ်နက် ဟုအမည်ရသည့် ဗိုင်းရပ်စ်တွေကို အီရန်၏ ဟာ့ဒ်ဝဲအတွင်း ပို့လွှတ်ရန် ပါဝင်သည်။ စတပ်နက်ကို အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းပြီး ဖန်တီးထားခဲ့သည်မှာ နှစ်အနည်းငယ်ရှိခဲ့ပြီ။ ယင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဒစ်ဂျစ်တယ်လက်နက်လည်းဖြစ်သည်။ စတပ်နက်သည် အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံအတွင်း အသစ်ရောက်ရှိခြင်းမဟုတ်ပါ။ စတပ်နက်က ဖြတ်တ်တောက်မှုများစွာကို နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုဗားရှင်းအသစ်က အလွန်ပြင်းထန်စွာတိုက်ခိုက်နိုင်သည်။ စတပ်နက်ဖန်တီးတည်ဆောက်မှုနှင့် ဖြန့်ကျက်ရောက်ရှိမှုတို့က ခပ်စောစောနှစ်များကတည်းက ရှိနေခဲ့ပြီးဖြစ်သည်။ ၂၀၀၀ပြည့်လွန်နှစ်အစောပိုင်းကာလကတည်းက စတပ်နက်ကို ခြေရာခံမိခဲ့ကြသည်။ ထိုအချိန်သည် အီရန်တို့ အနောက်နိုင်ငံများအကြား အီရန်၏ ရည်ရွယ်ချက်ကြီးမားလှသည့် နျူကလီးယား အစီအစဉ်အပေါ် တင်းမာမှုများရှိနေခဲ့ကြသည့်အချိန်လည်းဖြစ်သည်။ ဘုရှ်အစိုးရသည်အီရန်က နျူကလီးယားလက်နက်များထုတ်လုပ်လာနိုင်မည်ကို စိတ်ပူနေသည်။ ထို့ကြောင့် အီရန်၏နျူကလီးယားအစီအစဉ်ကို ကြားဖြတ်ဟန့်တားနိုင်မည့် သမားရိုးကျမဟုတ်သော နည်းလမ်းတွေကို အမေရိကန်ကရှာဖွေနေသည်။ သိုနှင့်ပင် အိုလံပစ်အားကစားပွဲ 'Olympic Games' ဟူသော သင်္ကေတအမည်ဖြင့် လျို့ဝှက် စစ်ဆင်ရေး တစ်ခု မွေးဖွားလာတော့သည်။ ဆက်လက်ဖတ်ရှုရန်...
Show more ...
3 781
11
နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ(၄ ဒသမ ၅)ပေ ရေကျော်ကျလျက်ရှိ

21924 NC Lns 11AM V4.mp4

4 545
3
နေပြည်တော် ဗျူဟာမှူးကြီး နဲ့ လယ်ဝေးမြို့ ကျောက်တစ်လုံးရွာ ဒေသခံ တစ်ဦး၏ ပြောဆိုမှု မြင်ကွင်း

IMG_5460.MOV

4 877
4
ယနေ့ စက်သုံးဆီ ဈေးနှုန်းများ
5 044
1

မနက်ခင်း_မေတ္တာပို့_ဓမ္မတေး.mp3

4 998
1
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ စတုတ္ထ အကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်တွင် ဗီဒီယိုမိန့်ခွန်း ပြောကြား

NC 2092024 (8pm) V1.mp4

5 299
3
Norway contributes US$500,000 in aid for Myanmar’s flood relief Norway has reportedly contributed US$500,000 to assist Myanmar’s flood-stricken areas. According to the Norwegian Embassy, Norway’s UNOPS has provided this sum in collaboration with donors to support the rehabilitation of regions impacted by the floods in Myanmar. The emergency relief supplies include shelter, food, purified water, and medicines, which will be distributed by the Norwegian Red Cross and its partner organizations through the Myanmar Red Cross Society. Myanmar has experienced widespread floods since early September due to Typhoon Yagi, and the United States will also contribute to flood relief efforts. ASH/MKKS
Show more ...
4 570
0
#local_news တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် ရန်ကုန်၌ ဖွင့်လှစ်၊ ရုပ်ရှင်ဇာတ်ကား ၅ ကား ပြသမည် ++++++++++++++++ Published_ 20 September 2024 ▪️တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂၀) ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါတယ်။ ▪️အဆိုပါအခမ်းအနား၌ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးဇေယျာနှင့် တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zhen Zhihong တို့က အမှာစကားများအသီးသီး ပြောကြားခဲ့ပါတယ်။ ▪️ဖွင့်ပွဲအခမ်းအနားအပြီးတွင် "THE WANDERING EARTH 1" ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း (၁) ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး ရုပ်ရှင်သီတင်းပတ်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ China Media Group နှင့် တရုတ်ယဥ်ကျေးမှုစင်တာ(ရန်ကုန်)တို့က ပူးပေါင်း၍ စီစဥ်ကျင်းပတာဖြစ်ပါတယ်။ ▪️ရုပ်ရှင်သီတင်းပတ်ကို စက်တင်ဘာ (၂၀) ရက်နေ့မှ (၂၄) ရက်အထိ ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ အခမဲ့ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ▪️တရုတ်သိပ္ပံနည်းပညာဇာတ်ကားများဖြစ်သည့် ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၁ ၊ ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၂ ၊ Animation Cartoon သမိုင်းထဲက ချန်အန်း၊ မှတ်တမ်းရုပ်ရှင်ဖြစ်သည့် စိတ်ဝိဉာဥ် နားခိုးရာဆီသို့ နှင့် ငှက်တို့ ဇာမဏီ စတဲ့ ဇာတ်ကား ၅ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။ ymg_mnn Read More>>
Show more ...
4 224
1
အထူးမိုးလေဝသသတင်း ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန် ထုတ်ပြန်ချက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန် ထုတ်ပြန်သည့် အထူး မိုးလေဝသ သတင်းအနေဖြင့် လာအိုနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်ကျော်ခဲ့သောကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများသို့ ရောက်ရှိလာကာ ဒေသများကို ဆက်လက်ဖြတ်ကျော်ခဲ့ကာ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး၊ နောက် (၂၄) နာရီအတွင်း မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့ကို ဆက်လက်ဖြတ်ကျော်နိုင်ပါသည်။ အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ နေ့လယ်မှ စက်တင်ဘာ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးနှိုးဆော်ထား ကြောင်း သိရှိရသည်။
Show more ...
4 586
6
ထိုင်းနိုင်ငံတွင် တန်းစီဝယ်ယူခဲ့ရသည့် iPhone 16S ကို ပထမဆုံးဝယ်ယူနိုင်ခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ် ထိုင်းနိုင်ငံတွင် တန်းစီဝယ်ယူခဲ့ရသည့် iPhone 16S ကို ပထမဆုံးဝယ်ယူနိုင်ခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ iPhone 16S ကို ဝယ်ယူရန် ထိုင်းနိုင်ငံသားများနှင့်အတူ ပြည်ပနိုင်ငံသားအများအပြားလည်း တန်းစီကာ ပထမဆုံးပိုင်ဆိုင်နိုင်ရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ■ Read More - - - >>>
4 285
9
#World_News 🔸မြန်မာအပါအဝင်နိုင်ငံခြားသားများစွာကို ကွာလာလမ်ပူလေဆိပ်မှ တရားမဝင်ခိုးသွင်းပေးခဲ့သည် လဝက အကြီးတန်း အရာရှိကြီးတစ်ဦး၊ အရာရှိ၄၉ ဦးနှင့်ပွဲစားများကို မလေးရှားအာဏာပိုင်များဖမ်းဆီး ၂၀ စက်တင်ဘာ ၂၀၂၄ 🔳မလေးရှားနိုင်ငံအတွင်းသို့ နိုင်ငံခြားအလုပ်သမားတွေ တရားမဝင်ခိုးသွင်းတဲ့ ဂိုဏ်းနှင့် ချိတ်ဆက် ဆောင် ရွက်ကြတဲ့ အကြီးတန်းလူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး အပါအဝင် မလေးရှားလူဝင်မှုကြီးကြပ်ရေး အရာရှိ ဒါဇင်ကျော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနက ဖမ်းဆီးလိုက်ပါတယ်။ 🔳အသက်၄၀ ဝန်းကျင်ရှိ အဲဒီလဝက အကြီးတန်းအရာရှိဟာ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်က လဝက ရဲ့ စာရွက်စာတမ်းအထောပ်အထားမပြည့်စုံဝင်ရောက်လာသူတွေအတွက် သီးခြားတန်းစီလမ်းကြောင်း ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဆရာကြီးဖြစ်ပါတယ်လို့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်အကြီးအကဲ အာဇမ်ဘာကီက စက်တင်ဘာ ၁၈ ရက်က ပြည်တွင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားပါတယ်။ 🔳“ သူဟာ လဝက အရာရှိ ၅၀ ခန့်ကို ဩဇာညောင်းတယ်။ သူက လဝကမှာ အလုပ်လုပ်တာ နှစ်၂၀ လောက်ရှိပြီ” လို့ မစ္စတာ အာဇမ်က ပြောပါတယ်။ သူနှင့် အရာရှိတော်တော်များများ ထွက်ပြေးဖို့ကြိုးစား ခဲ့ပြီးနောက် သူ့ကို စက်တင်ဘာ ၅ ရက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။ 🔳“ သူဟာ အရာရှိတွေကို လာဘ်ငွေတွေ ခွဲပေးခဲ့သူဖြစ်တယ်လို့ယုံကြည်ရတယ်” လို့ သူကပြောပါတယ်။ 🔳လွန်ခဲ့တဲ့ခြောက်လခန့်ကစပြီး အဲဒီကိစ္စနှင့်ပတ်သက်လို့ သတင်းအချက်အလက်တွေ စတင်ရယူစုဆောင်း ခဲ့တယ်လို့လည်း သူကပြောပါတယ်။ 🔳“ ဒီကနေ့အထိ လဝကအရာရှိ ၄၉ ဦး၊ ရဲတစ်ဦးနှင့် ပွဲစားနှစ်ဦး ပြီးတော့ ဘဏ်အကောင့်တွေပေးခဲ့တဲ့ လူ (၈)ဦးတို့ကိုဖမ်းဆီးရမိထားပါတယ်” လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ဆက်ပြောပါတယ်။ READ MORE>>
Show more ...
4 249
10
ဗဟိုဘဏ်က​ဒေါ်လာသန်း၃၀​ရောင်း NOM၊စက်တင်ဘာ၂၀၊၂၀၂၄ မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်သည်စက်သုံးဆီလုပ်ငန်းရှင်များအားအ​မေရိကန်​ဒေါ်လာသန်း၃၀​ရောင်းချ​ပေးမည်ဟုယ​နေ့စက်တင်ဘာလ၂၀ရက်​နေ့တွင်​ကြေညာသည်။
4 677
1
North Korea can conduct nuclear test 'at any time': Seoul North Korea has the capability to conduct a nuclear test whenever leader Kim Jong Un chooses, the South Korean military said Thursday.
4 654
2
Breaking News xxxxxxxxxxxxx တတိယလက်ဘနွန်စစ်ပွဲစပြီ NOM အစ္စ​ရေးအစိုးရအဖွဲ့သည်ဝန်ကြီးချုပ်​နေတန်ယာဟုနှင့်ကာကွယ်​ရေးဝန်ကြီး​ဂေါလန့်တို့ကိုလက်ဘနွန်နိုင်ငံအတွင်းဝင်​ရောက်ကျူး​ကျော်တိုက်ခိုက်ရန်ခွင့်ပြုလိုက်ခြင်းဖြင့်တတိယအစ္စ​ရေး-လက်ဘနွန်စစ်ပွဲစပြီဖြစ်သည်။ရာ​နှင့်ချီ​သောအစ္စ​ရေးတင့်ကားများသည်နယ်စပ်ကိုဖြတ်ပြီးလက်ဘနွန်နိုင်ငံအတွင်းဝင်​ရောက်လျက်ရှိသည်။လက်ဘနွန်မြို့သုံးမြို့ကိုအစ္စ​ရေး​လေတပ်ကဗုံးကြဲ​နေပြီးမြို့နှစ်မြို့ကိုဝင်​ရောက်စီးနင်းလျက်ရှိသည်။

file

4 634
18
ယနေ့ စက်သုံးဆီ ဈေးနှုန်းများ
4 883
3

မနက်ခင်း_မေတ္တာပို့_ဓမ္မတေး.mp3

4 962
1
မြန်မာ့နိုင်ငံဓာတ်ပုံအသင်းမှ ကြီးမှူး၍ ဆရာ ကျော်ကျော်ဝင်း ( X-Photographer ) ၏ Mobile Phone Photography Class ကို ပထမဆုံးအကြိမ်အ​ဖြစ် ဖွင့်လှစ်ပါမည်။ သင်တန်းတွင် သင်ကြားမည့်အကြောင်းအရာများမှာ * မိုဘိုင်းဖုန်း၏ ကင်မရာကို မှန်ကန်စွာ ရွေးချယ်ပြီး ထိထိရောက်ရောက်အသုံးပြုနည်းများ * မိုဘိုင်းဖုန်း၏ အခြေခံဆက်တင်များကို နားလည်ပြီး ထိန်းချုပ်ရိုက်ကူးခြင်းများ * ရိုးရှင်းလှပသော Composition ရယူနည်းများ * ဖုန်းဖြင့် ဓာတ်ပုံများကို ထူးခြားဆန်းသစ်သော စိတ်ကူးဖြင့် ရိုက်ကူးနည်းများ * လက်တွေ့ ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် Post-Processing ပြုလုပ်ပြီးဓာတ်ပုံများ၏အရည်အသွေးကိုမြှင့်တင်ခြင်းအကြောင်းများ *နိုင်ငံတကာ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲများနှင့်ဝင်ရောက်ယှဥ်ပြိုင်ခြင်း အကြောင်းများ *သင်တန်းသားများအတွက် လက်တွေ့ပြိုင်ပွဲတခု ဝင်ရောက်ယှဥ်ပြိုင်ခြင်း 💵 သင်တန်းကြေး - တစ်သိန်းကျပ် 🗓သင်တန်းကျင်းပမည့်နေ့ရက် - ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၁ ရက်အထိ 📍နေရာ - မြန်မာ့နိုင်ငံဓာတ်ပုံအသင်းရုံးခန်း ⌚ အချိန် - ညနေ ( ၄:၀၀ ) နာရီမှ ( ၅:၃၀ ) အထိ 📱 9777843387
Show more ...
5 313
6
မမကြီး(မာလာငါးကင်) မဖြူ နှင့် တပည့် သား/သမီး များ မှ သဘာဝဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ - ၅၀,၀၀၀,၀၀ဝိ/ (ကျပ်သိန်းငါးရာတိတိ)အား ပါဝင်ကူညီလှူဒါန်းပေးသွားသည်။ အလှူရှင်တို့၏ ကိုယ်စား ရေဘေးသင့် ပြည်သူများထံလက်ဝယ် အရောက်သွားရောက်ကူညီလှူဒါန်းပေးသွားမှာ ဖြစ်ပါသည်။ သွားရောက်ကူညီလှူဒါန်းမည် နေရာ၊နေ့ရက်၊အချိန် ပြန်လည်တင်ပြပေးသွားမှာဖြစ်ပါသည်။ ပါဝင်ကူညီလှူဒါန်းလိုသူများ ုဝဏ္ဏပရဟိတ အသင်းရုံးသို့ဖြစ်စေ အသင်း fb page messenger သို့ဖြစ်စေ ဆက်သွယ်ကူညီလှူဒါန်းနိုင်ပါသည်။
4 768
0
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမည့်အစီအစဉ်များ အသိပေး​ မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအား နည်းရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် လှူဒါန်း‌ငွေများကို ၂၁-၉-၂၀၂၄ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီ တိုင်းဒေသကြီး တို့၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် လက်ခံသွားမည်။ လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်စာရင်းပေးသွင်း လှူဒါန်းနိုင် (၁)  ဒေါ်လဲ့လဲ့အေး၊  ညွှန်ကြားရေးမှူးချုပ်၊ ဖုန်း ၀၉-၂၀၂၁၄၉၁ (၂)  ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဖုန်း ၀၉-၂၅၄၁၇၀၀၁၁ (၃)  ဒေါ်စုစုထွန်း၊ ညွှန်ကြားရေးမှူး၊  ဖုန်း ၀၉-၄၃၀၀၉၂၉၁ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ
Show more ...
4 662
2
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှလှူဒါန်းသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (OCV) ၂.၄၅ သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာကြောင်း သိရပါတယ်။
4 834
2
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နီပေါနိုင်ငံ၏အခြေခံဥပဒေရေးဆွဲခြင်း(၁၀)နှစ်မြောက် အထိမ်းအမှတ်နေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်သည်။ ရန်ကုန်-စက်တင်ဘာလ ၁၉ ရက်

2024-09-19 20-01-25.mp4

4 460
0
ရေဘေးသင့်သူများ နေ့လည်စာထမင်းဘူး (၃၀၀)လှူဒါန်းခဲ့သည့် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း) ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်ပြည်သူများအတွက် နေ့လည်စာထမင်းဘူး(၃၀၀)ကို ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့်ဇနီး ဒေါ်မြမြစန်း မိသားစုကလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့်ဇနီး ဒေါ်မြမြစန်း မိသားစုမှ အေလာတိဏ္ဏ ဘုန်းတော်ကြီးကျောင်းတွင်ရောက်ရှိခိုလှုံနေသော ရေဘေးသင့်ပြည်သူ(၃၀၀)ဦးအတွက် နေ့လယ်စာထမင်းဘူး(၃၀၀)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၁၈ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် >>
Show more ...
4 702
2
အနောက်တောင်မုတ်သုံလေမြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ ဆုတ်ခွာပြီ = ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက် = "လွန်ခဲ့သော (၂၄) နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည်မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများမှ ဆုတ်ခွာခဲ့ပြီး ဖြစ်ပါသည်။" မိုး/ဇလ
5 031
4
အလှူရှင်များသို့ တိုက်တွန်းပန်ကြားချက် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်
4 617
1
#Local_News ုတ်တွင်းမြို့နယ်ရှိ ရေဘေးရှောင်ကယ်ဆယ်စခန်းတွင် အစာအဆိပ်သင့်ပြီး ဆေးရုံတက်ခဲ့သည့်အတွင်းလူနာ ၄၁ဦး ဆေးရုံမှဆင်းခွင့်ရရှိ ++++++++++++++++++++++++ Published 19 September 2024 ▪️ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ရေဘေးရှောင်ကယ်ဆယ်စခန်းတွင် အစာအဆိပ်သင့်ပြီး ဆေးရုံတက်ခဲ့သည့် အတွင်းလူနာ ၄၁ဦး ဆေးရုံမှဆင်းခွင့်ရရှိ ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ ▪️ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် ရေဘေးရှောင်နေကြသော ရေဘေးသင့်သူများ စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းက အလှူရှင်များလာရောက်လှူဒါန်းသည့် ကြာဇံကြော်၊အချဉ်နှင့်ထမင်း၊ ကြက်ဥ၊ မကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများမှ စားသုံးပြီးနောက် ဗိုက်နာခြင်း၊အော့အန်ခြင်းနှင့်ဝမ်း လျှောခြင်းစသည့် အစာအဆိပ်သင့် ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီး ၊တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ် ၆၈ဦး၊အတွင်းလူနာအဖြစ် ၆၅ဦး လာရောက်ကုသမှုခံယူခဲ့ကြောင်း သိရသည်။ _____________________ Readmore>>>
Show more ...
4 989
1
■ တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)” အဖြစ်သို့ ရောက်ရှိ ■ မုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ စက်တင်ဘာ ၂၀ ရက်တွင် စတင်ဖြတ်ကျော်မည် အဆိုပါဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ■ Read More - - - >>>
Show more ...
4 183
6
Breaking News ----------------- ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် အစာအဆိပ်သင့်ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

NC(19-9-2024)(1130 AM) LNs V.mp4

4 842
5
ယနေ့ စက်သုံးဆီဈေးနှုန်းများ
4 877
1

မနက်ခင်း_မေတ္တာပို့_ဓမ္မတေး.mp3

5 121
3
​ပေဂျာထုတ်သည့်ဂိုးလ်အပိုလိုကုမ္ပဏီကအစ္စ​ရေးအစိုးရကိုတရားစွဲမည် NOM ယမန်​နေ့ကလက်ဘနွန်နှင့်ဆီးရီးယားတွင်​ပေဂျာများ​ပေါက်ကွဲပြီးလူသုံး​ထောင်ဒဏ်ရာရကာ၂၀​ကျော်​သေဆုံးခဲ့သည်။ ​ပေါက်ကွဲ​သော​ပေဂျာများသည်ထိုင်ဝမ်ရှိဂိုးလ်အပိုလိုမှထုတ်လုပ်သည့်​ပေဂျာများဖြစ်သဖြင့်မီဒီယာများကထိုင်ဝမ်ရှိဂိုးလ်အပိုလိုတည်​ထောင်သူစုချင်းကွမ်ကို​မေးမြန်းခဲ့သည်။ စုချင်းကွမ်ကဂိုးလ်အပိုလို​ပေဂျာများသည်ဟန်​ဂေရီရှိBACကုမ္ပဏီတွင်ထုတ်လုပ်​ကြောင်း၊အစ္စ​ရေး​ထောက်လှမ်း​ရေး​မော့ဆက်က​ပေါက်ကွဲ​စေသည့်ပစ္စည်းများကိုဟန်​ဂေရီတွင်ထည့်ခြင်းဖြစ်နိုင်​ကြောင်း၊ဂိုးလ်အပိုလိုကုမ္ပဏီကအစ္စ​ရေးအစိုးရကို​ဒေါ်လာတစ်ဘီလီယံရလိုမှုဖြင့်တရားစွဲမည်ဖြစ်​ကြောင်း​ပြောကြားသွားသည်။
Show more ...
5 381
4
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးသည်။ နေပြည်တော်၊ စက်တင်ဘာလ ၁၈ ရက်

2024-09-18 20-55-17.mp4

4 759
1
တောင်ငူမြို့၌ ရေဘေးကယ်ဆယ်ရင်း အသက်ပေးသွားသည့် ပရဟိတသမား ကိုစောနောဂျာ အတွက် မိသားစုထောက်ပံ့ငွေ သိန်း ၁၀၀ ကျပ် ခိုင်နှင်းဝေ လှူဒါန်း
6 644
2
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး 🇲🇲🇲🇲🇲🇲

file

4 764
2
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် သေဆုံးခဲ့သော ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်သည်။ နေပြည်တော်၊ စက်တင်ဘာလ ၁၈ ရက်

2024-09-18 20-23-17.mp4

3 923
2
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေး၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် 🇲🇲🇲🇲🇲🇲
4 493
4
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် တပ်ကုန်းတပ်နယ်အတွင်းရှိ တပ်ဌာနချုပ်များအား သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များမှာကြား၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် 🇲🇲🇲🇲🇲🇲
3 983
6
ကလေးငယ် နှစ်ဦး၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့သော နေပြည်တော် ဒု-တိုင်းမှူး နှင့် တပ်မတော်သားများ နေပြည်တော်၊စက်တင်ဘာ -၁၇ နေပြည်တော်ကောင်စီနယ်မြေ၊လယ်ဝေးမြို့နယ်၊ကျောက်တစ်လုံးကျေးရွာ (စစ်တောင်းမြစ်ဘေးရှိ ဒေသ) ဘုန်းတော်ကြီးကျောင်း၌ လာရောက်ခိုလှုံနေရသည့် ဒေသခံ အရှိုချင်း တိုင်းရင်းသားများကို နေပြည်တော် ဒု-တိုင်းမှူး၊ဗျူဟာမှူးကြီး၊ တပ်မတော် ဆေးတပ်ဖွဲ့ရှိ ဆရာဝန်များက လာရောက်ဆေးကုသမှု ပေးခဲ့သည်။ ထိုသို့ ဆေးကုသပေးနေစဉ် ကျန်းမာရေးအရ အရေးပေါ် ဆေးရုံတက်ရန် လိုအပ်သည့် အသက် ၂ နှစ် အရွယ် ကလေး ငယ် နှစ်ဦးအပါဝင် ကလေးငယ်၏ မိသားစုဝင်များအား ဒု-တိုင်းမှူးကြီးမှ ဆေးရုံသို့ ချက်ချင်း ပို့ဆောင် ပေးခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် ကျောက်တစ်လုံးကျေးရွာနှင့် ဆက်စပ်ကျေးရွာများကို တပ်မတော်သားများက ရိက္ခာများကို ပို့ဆောင်ပေးလျက်ရှိသည်။
Show more ...
3 028
5
Last updated: 11.07.23
Privacy Policy Telemetrio